ဘာလို့သင့်ဖုန်းကိုလေယာဉ်မှာပါဝါပိတ်ခိုင်းသလဲ (၁)

မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့

Lock ကျသွားတဲ့ Facebook အကောင့်ပြန်ယူနည်း (၂)

Facebook account lock ကျတယ်ဆိုတဲ့ နေရာများ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကျနိုင်သလို ပြန်ယူနည်းလည်း အမျိုးမျိုးရှိပါတယ်။ ပြန်ယူနည်း အမျိုးမျိုးကတော့ ကိုယ်ရွေးရတာမဟုတ်ပါဘူး။ Facebook က ရွေးပေးတာပါ။ အချို့အကောင့်ဆိုရင်

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် (၃)

ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာအခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်းတွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor ထဲမှာအ၀င် Call

Accessibility setting ထဲက TalkBack မိနေရင်ဘယ်လိုပြန်ဖြေရှင်းမလဲ (၄)

Android Phone တွေမှာရော iOS Phone တွေမှာရော Customer တွေတစ်ခါတစ်လေဖြစ်ဖူးတဲ့ Accessibility ထဲက TalkBack မိတက်ကြတဲ့အခြေအနေမှာ ပြန်လည်ဖြေရှင်းနည်း (ပြန်ပိတ်နည်း) လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Driver Booster(V-2.3.1.1)Latest Version For Pc (၅)

Computer သုံးတဲ့ညီအကိုတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Software တခုပါ။မိမိကွန်ပျူတာရဲ့ လိုအပ်နေတဲ့ Driversတွေကို Up-To-Date ဖြစ်မဖြစ်စစ်ဆေးပေးပြီးတော့ Out of Date ဖြစ်နေလျှင်

Tuesday, September 29, 2015

HTC Desire 620 / 620h / 620g OFFICIAL FIRMWARE Free Download





HTC Desire 620 / 620h / 620g တို့အတွက် Official Firmwares ကိုတင်ပေးလိုက်ပါတယ်။

လိုအပ်လို့တောင်းထားတဲ့အကိုနဲ့အတူ အခြားလိုအပ်နေသူများလဲ ရယူလိုက်ပါ။

Flashtool Firmware ပါ။ Flashtool ပါ တင်ပေးထားပါတယ်။


Flashtool >>> http://www.mediafire.com/download/aix6jxmcbxmmc2b/SP+Flash+Tool+3.1352.01+%285.1352.01%29.rar


Desire 620 Full Back-up .zip >>> https://docs.google.com/uc?id=0BwIq1JihxOfLUUViRGt1S1FlNlk&export=download


Desire 620 Dual Sim , 620h , 620g >>> http://www.mediafire.com/download/g12h42w31mveu4b/HTC_Desire_620_dual_sim,_HTC_620g,_HTC_620h_A31MG_DUG_K44_SENSE53_hTC_Asia_India_1.12.720.001_by_jamesjerss.rar



Huawei Honor G620s-UL00 B247 & B248 ROOT




Honor G620s-UL00 ကို Root လုပ်ချင်လို့မေးထားသူတွေအတွက်

ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အခြား Buildnumber များမှာတော့မရနိုင်ပါ။ Buildnumber 247 နဲ့ 248 တို့မှာသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ROOT လုပ်နိုင်ရန်အရင်ဆုံး ဖုန်းကို Bootloader unlock လုပ်ရမှာဖြစ်တာကြောင့် အောက်က လင့်လေးကနေ၀င်ရောက်ပြီး Bootloader Unlock code ရယူပြီး Bootloader unlock အရင်လုပ်လိုက်ပါ။ Bootloader unlock ကတော့တော်တော်များများသိရှိပြီး ဖြစ်
တာကြာင့် ရှင်းမပြတော့ပါဘူးနော်




Bootloader unlock လုပ်ပြီးရင်တော့ ROOT လုပ်ရန် အောက်ကဖိုင်လေးတွေကို အရင်
Download ရယူလိုက်ပါ။

Root File >>> Download on Pcloud.com

Down လို့ရလာတဲ့ Recovery zip လေးကိုဖြည်ချလိုက်ပါ။ ဖြည်ချလိုက်လို့ရလာတဲ့ Folder ထဲက
Recovery folder ထဲဝင်လိုက်ပါ။ Adb command နဲ့ Recovery ကို flash နိုင်ရန် Shift + Right Click
ကိုနှိပ်လိုက်ပါ။ box လေးတစ်ခုပေါ်လာပါမယ်။ Open command window here ကိုနှိပ်လိုက်ပါ။
ဖုန်းကို Fastboot mode ၀င်ပြီး USB ကြိုးထိုးလိုက်ပါ။ အရင်ဆုံး command box မှာ Adb devices လို့
ရိုက်ပြီး enter ခေါက်ကာ Computer ကနေသိ မသိ စစ်လိုက်ပါ။ Computer ကနေသိပြီဆိုရင် Recovery.img လေးကို flash နိုင်ရန် fastboot flash boot recovery.img လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ Recovery.img ကို flash ပြီးရင်တော့ fastboot reboot လို့ရိုက် enter ခေါက်ပြီး ဖုန်းကို reboot ချပေးလိုက်ပါ။

ဖုန်းပါဝါပြန်တက်လာရင် SuperSU-update.zip ကို sd card ထဲကို ထည့်လိုက်ပါ။ ဖုန်းကိုပါဝါပိတ်ပြီး
Recovery mode ၀င်လိုက်ပါ။ Recovery mode ရောက်ပြီဆိုရင် Install update zip from sd card ကို
ရွေးလိုက်ပါ။ SuperSU-update.zip လေးကိုထပ်ရွေးပြီး install လုပ်လိုက်ပါ။ install လုပ်ပြီးရင်တော့
အပြင်ပြန်ထွက်ပြီး Reboot system now ကိုရွေးပေးပြီး ဖုန်းကို reboot ချပေးလိုက်ပါ။ ဒါဆိုရင်တော့
ROOT လုပ်ခြင်းပြီးစီးပါပြီ။


အဆင်ပြေပါစေ။

အခုခေတ်စားနေတဲ့ monkey test နဲ့ time service virus ရှင်းနည်း






ရေးသားသူ – Soe Han Htun (Myanmar Mobile User Group)

One click solution တွေ ထွက်လာပေမယ့် ရာနှုန်းပြည့် မရှင်းနိုင်ကြသေးတာကို တွေ့ရလို့ manual ရှင်းလို့ရအောင် ရည်ရွယ်ပြီး ရေးလိုက်တာပါ။
လိုအပ်ချက်တွေအနေနဲ့ကတော့
adb command အသုံးပြုတတ်သူဖြစ်ရပါမယ်၊
ဖုန်းမှာ root access ရှိရပါမယ်၊
Busybox သွင်းထားရပါမယ်။(busybox.apk ကို playstore မှာတင် လွယ်လင့်တကူ သွင်းယူနိုင်ပါတယ်။
ပထမဆုံးကတော့ ဖုန်းကို wifi နဲ့ internet ကို ပိတ်ထားပေးပါ။
ပြီးရင် အရင်ဆုံး ဖုန်းနဲ့ computer ချိတ်ဆက်ပါမယ်။
adb command သုံးဖို့ adb.exe ရှိတဲ့နေရာမှာ shift+Right-click သုံးပြီး open command window here နဲ့ cmd box ကို ခေါ်ပါ။
ပြီးရင် အောက်ပါ cmd များကို ရိုက်ပါမယ်။
adb shell
su
(အဲ device သိဖို့တော့ လိုမယ်နော်။ အပေါ်က cmd တွေပြီးရင် # သင်္ကေတ လေးပေါ်ပါမယ်။ ဖုန်းမှာလည်း superuser request တောင်းပါလိမ့်မယ်။)
System က default အနေနဲ့က user ကို read-only permission ပဲ ပေးထားပါတယ်။ဒီတော့ လုပ်ချင်တာလုပ်လို့ရအောင် read and write permission ရအောင် mount ရပါမယ်။
mount -o remount,rw /system
လို့ ရိုက်ထည့်ပါ။ ပြီးရင် virus ရှိတဲ့နေရာတွေကို ကြည့်ပြီး နာမည်တွေ မှတ်ထားနိုင်ဖို့ ls command ကို သုံးရပါမယ်။
ls -al /system/app
လို့ ရိုက်ထည့်ပါ။ပေါ်လာသမျှထဲမှာ virus file နာမည်တွေကို မှတ်ထားဖို့ လိုပါမယ်။ virus ဟုတ် မဟုတ် အလွယ်ခွဲခြားဖို့ကတော့ date နဲ့ ခွဲနိုင်ပါတယ်။ ပြီးတော့ permission နဂို system file တွေက rw-r-r ပါ။ virus တွေကတော့ rw-r-r မဟုတ်ကြပါဘူး။
နောက်ထပ် နေရာတွေ စစ်ရပါအုံးမယ်။
ls -al /system/xbin
ls -al /system/bin
အဲ့ဒီ xbin နဲ့ bin ထဲမှာတော့ virus file တွေဟာ နာမည် အရှေ့မှာ . လေးတွေနဲ့ပါပါတယ်။ (ဥပမာ- .b, .si.si)
အိုခေ အရင်ဆုံး app ထဲကကောင်တွေကို ဖျက်ဖို့ busybox command သုံးပါမယ်။
busybox chattr -iaA /system/app/*
လို့ ရိုက်ထည့်ပါ။ virus file တွေက ဖျက်ချခွင့်မရှိအောင် attribute တွေပြောင်းထားပါတယ်။ဒီအတွက် အထက်ပါ cmd က attribute ပြန်ပြောင်းတာပါ။ chattr ဆိုတာက change attribute ပါ။ နောက်က (-) အနုတ်က attribute တွေ ပြန်ဖြုတ်ရင်သုံးရပါတယ်။ ထည့်ချင်ရင်တော့ + ပေါ့။ i က immutable လို့ခေါ်တဲ့ attribute ပါ။
a ကတော့ append mode only ဆိုတဲ့ attribute ပါ။ A ကတော့ Don’t track attime ဆိုတဲ့ attribute ပါပဲ။ အခုသုံးတဲ့ busybox cmd ဟာ /system/app ထဲမှာ ရှိသမျှ apk အားလုံးကို အထက်က attribute 3မျိုးဖြုတ်ချပေးတာပါပဲ။ ပြီးရင်တော့ စပြီး ဖျက်ချလို့ ရပါပြီ။အကုန်လုံးကိုတော့ လိုက်ရေးမပေးတော့ပါဘူး။ ဥပမာအနေနဲ့ cameraupdate.apk ကိုပဲ ဖျက်ပြပါမယ်။
rm /system/app/cameraupdate.apk
လို့ရိုက်ထည့်ပါ။ rm က remove ပါ။ အဲ့ဒီ rm နဲ့ app ထဲက virus တွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖျက်ပါ။
ပြီးရင် bin နဲ့ xbin ထဲက . နဲ့စတဲ့ကောင်တွေကို ဖျက်ပါမယ်။ သူတို့ကိုတော့ app ထဲကလိုမျိုး အားလုံးကို ညွှန်းပြီး attribute ဖြုတ်ချလို့မရပါဘူး။ ထို့အတွက် တစ်ခုဖျက်ဖို့ cmd ၂ကြောင်းဂိုက်ပေးရပါမယ်။ ဥပမာအနေနဲ့ xbin ထဲက .si.si ဆိုတာကို ဖျက်ပြပါမယ်။
busybox chattr -iaA /system/xbin/.si.si
rm /system/xbin/.si.si
အထက်ပါပုံစံအတိုင်း xbin နဲ့ bin ထဲမှာ . နဲ့စသမျှအားလုံး လိုက်ဖျက်ပါ။
ပြီးရင်
ls -al /system/etc
လို့ရိုက်ပါ။ အဲ့ထဲမှာ install-recovery.sh ဆိုတာ ပါခဲ့ရင် သူ့ကိုလည်း ဖျက်ပေးရပါမယ်။
အဆုံးသတ်အနေနဲ့ app ထဲကို ပြန်စစ်ပါ။
com.android.psetting.apk
com.android.psync.apk
အဲ့၂ခု ပြန်ပေါ်လာတတ်ပါတယ်။
အပေါ်က cmd တွေသုံးပြီး ဖျက်ချလိုက်ပါ။
ပြီးရင် ဖုန်းကို reboot ဆင်းလိုက်ပါ။
ပြန်တက်လာရင် ဖုန်းရဲ့ application manager ထဲသွားပြီး running မှာ com.android.ads…… စသဖြင့် အလယ်မှာ ad ပါတာတွေရယ်။ monkey test ရယ် time service ရယ်။ အဲဒီ apk တွေကို uninstall လုပ်ပေးလိုက်ပါ။
အားလုံးပြီးပါပြီ။
100% အောင်မြင်မယ် အာမမခံရဲပါဘူး။ ကျွန်တော် ရှင်းပေးတဲ့ အလုံးကိုတော့ ၁ပတ်ထိ စောင့်ကြည့်တာ ထပ်မံတက်လာခြင်း မရှိတော့ပါဘူး။
အမှားအယွင်းများ ပါခဲ့ရင် ခွင့်လွတ်ပါ။

ဟိုရေးဒီရေး မောင်ဟန်လေး

(*** ပြောဖို့ တစ်ခုကျန်သွားလို့ edit လုပ်လိုက်ပါတယ်။ တစ်ချို့ကောင်တွေမှာ /data/app ထဲမှာလည်း ဘာညာ သလကာတွေ ရှိပါကြောင်း။ ဖျက်ဖို့ သဘောတရားကတော့ တူတူပါပဲ ***)

Money Test & Time service error ကို apk နဲ့ ဖြည်ရှင်းချင်သူများအတွက်





Money Test & Time service error ကို ဖြည်ရှင်းဖို့ ကျတော် bat file လေးတစ်ခုတင်ပေးထားပါတယ်။

bat file ဆိုတော့အားလုံးသိကြတဲ့အတိုင်း Computer ရှိမှအဆင်ပြေပါတယ်။ အခု Computer မလိုပဲ
ဖုန်းကနေပဲဖြည်ရှင်းနိုင်တဲ့ apk လေးတစ်ခုတွေ့လို့ ထပ်မံမျှဝေပေးလိုက်ပါတယ်။ Application ရဲ့နံမည်ကတော့ CM Security Antivirus Applock လို့သိရပါတယ်။ လောလောဆယ်ကျတော်ကတော့ သုံးမကြည့်ရသေးပါ။ သုံးဖူးတဲ့သူတွေကတော့ Firmware ပြန်တင်စရာမလိုပဲ ဒီ application လေးနဲ့အဆင်ပြေပါတယ်လို့ ပြောပြပေးထားတာကြောင့် ကျတော်တို့ myanmarmobileapp မှ Android user တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။

application လေးအား အရင် Download ရယူလိုက်ပါ။






လုပ်ပုံလုပ်နည်းလေးကတော့ လွယ်ကူပါတယ်။ Download ပြုလုပ်လို့ ရရှိလာတဲ့ CM Security Antivirus Applock application လေးကို install လုပ်ပြီး apk လေးထဲဝင်လိုက်ပါ။ ပြီးရင် Scan ဖတ်ပေးလိုက်ပါ။ ဒါဆိုရင် apk လေးထဲကနေကိုယ့်ဖုန်းမှာရှိတဲ့ apk တွေထဲက virus apk တွေကိုရှာပေးပါလိမ့်မယ်။ Scan လုပ်ပေးပြီးလို့ပြီးရင်တော့ Resolve all ကိုနှိပ်ပြီး virus apkေ တွကို Delete လုပ်လိုက်ပါ။ ပြီးရင်ဖုန်းကို restart လုပ်ပေးလိုက်ပါ။ ပြန်သုံးကြည့်လို့အဆင်ပြေတယ်ဆိုရင်တော့ ဆက်သုံးနိုင်ပါပြီ။ အဆင်မပြေရင်တော့ Factory data reset ချပြီးပြန်သုံးကြည့်လိုက်ပါ။

( အဆင်လုံးဝပြေမယ်လို့တော့ အာမမခံရဲပါ။ Huaweiွ610 မှာတော့ အဆင်ပြေဖူးပါတယ်။ ) 


အဆင်ပြေပါစေ။

Samsung Galaxy E7 ( Sm-E700H ) version 4.4.4 ROOT + CoC Myanmar Font





Samsung Galaxy E7 ( Sm-E700H ) ကို version 4.4.4 မှာ ROOT လုပ်ပြီး CoC မှာ မြန်မာစာသုံးချင်လို့တောင်းဆိုထားတဲ့အကိုအတွက် ROOT လုပ်နည်းလေးနဲ့ CoC မြန်မာစာလေးကို တင်ပေးလိုက်ပါတယ်။

ROOT လုပ်ရန်အရင်ဆုံး လိုအပ်တာလေးကို ရယူလိုက်ပါ။







ROO)T အရင်လုပ်ကြရအောင်။

Download ရယူထားတဲ့ Odin v3.07 ကိုအရင်ဖွင့်လိုက်ပါ။ Odin ပွင့်လာပြီဆိုရင် Odin ရဲ့ PDA နေရာကို Click လိုက်ပါ။

Broswe ကနေ Download ရယူထားတဲ့ Cf-auto root file လေးကို ရွေးပြီးထည့်ပေးလိုက်ပါ။

ဖုန်းကို Download mode သွင်းပြီး USB ကြိုးထိုးပေးရပါမယ်။ ဖုန်းကို Download mode ၀င်နိုင်ရန် အောက်က key လေး

တွေအတိုင်းနှိပ်လိုက်ပါ။



Download mode >>> Volume down + Home + Power

အထက်ပါ key လေးကိုနှိပ်ပြီးရင် Volume up တစ်ချက်နှိပ်ပေးလိုက်ပါ။



Download mode ကိုရောက်ပြီဆိုရင်တော့ Computer နဲ့ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ Device ကိုသိပြီဆိုရင် Odin က Start ဆိုတာကိုနှိပ်ပေးလိုက်ပါ။

Odin ကနေအလုပ်လုပ်ပေးနေပါလိမ့်မယ်။ ခဏစောင့်ပေးလိုက်ပါ။ Odin မှာ PASS ဆိုပြီး

ပြလာပြီး ဖုန်းမှာ reboot ကျသွားရင်တော့ ROOT လုပ်ခြင်းပြီးစီးပါပြီ။ ဖုန်းပါဝါပြန်တက်လာပြီဆိုရင်တော့

USB Debugging mode တို့ Unknow Source တို့ကို on ပေးထားလိုက်ပါ။



CoC ကို မြန်မာစာထည့်ရန် လိုအပ်တာလေးကို Download ရယူလိုက်ပါ။



Download Here For CoC Muanmar Font >>> http://d-h.st/7jyW



ပြုလုပ်နည်းကတော့ … Download ရယူထားတဲ့ CoC Myanmar Font bat file လေးကို

Computer မှာ ဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းကို USB ကြိုးထိုးပြီး Computer နဲ့ချိတ်ဆက်ပေးလိုက်ပါ။

enter တစ်ချက်နှိပ်ပေးလိုက်ပါ။ ဖုန်းမှာ ROOT access တောင်းလာရင် Grant (or) Allow

ကိုနှိပ်ပေးလိုက်ပါ။ ဖုန်းမှာ reboot ကျသွားပါမယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ CoC လေးကို

ဝင်ပြီး Myanmar Font စမ်းသပ်နိုင်ပါပြီ ခင်ဗျာ။

အဆင်ပြေပါစေ။


Ko Htoo ( MMAS )

Pattern Lock ဖြည်တဲ့ Software



Pattern Lock ဖြည်တဲ့ Software လေးရှာရခက်နေတဲ့ အကိုအတွက်ပါ။
အကိုရေ ပြန်တင်ပေးလိုက်ပါပြီနော်။ Download ရယူလိုက်ပါအုံး
လိုအပ်တဲ့သူများလဲ အောက်ကလင့်ကနေ ရယူလိုက်ပါ ခင်ဗျာ။

usb debugging on ထားဖို့နဲ့ root လုပ်ဖို့လိုအပ်ပါမယ်။



အဆင်ပြေပါစေ။

LG G Stylo version 5.1.1 ကို ROOT လုပ်ချင်သူတွေအတွက်




LG G Stylo ရဲ့ version 5.1.1 ကို Root လုပ်ချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်။

အရင်ဆုံး လိုအပ်တာကတော့ TWRP recovery နဲ့ SuperSU-update.zip လေးပါပဲ။
လိုအပ်တဲ့ ဖိုင်လေးနှစ်ခုကို အောက်ကလင့်ကနေ Download ရယူလိုက်ပါ။


TWRP recovery >>> http://androidhost.org/AW6BF



အရင်ဆုံးအရေးကြီးတဲ့ data တွေရှိပါက back-up ပြုလုပ်ထားလိုက်ပါ။
နောက်တစ်ဆင့်မှာတော့ ဖုန်းကို Recovery mode ၀င်ပြီး ဖုန်းကို Factory data
reset ချလိုက်ပါ။ အရင်ဆုံး Clear cache နဲ့ cache ဖိုင်တွေရှင်းလိုက်ပါ။
ပြီးမှ Factory reset ချလိုက်ပါ။ wipe dalvik cache ပါပါက အဲဒါလေးပါ လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Download ရယူထားတဲ့ TWRP recovery zip ကို Flash ပေးလိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ SuperSU-update.zip ကိုပါ install လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Reboot system now နဲ့ ဖုန်းကို Reboot ချပေးလိုက်ပါ။
အဆင်ပြေပါစေ။


Ko Htoo ( MMAS )