ဘာလို့သင့်ဖုန်းကိုလေယာဉ်မှာပါဝါပိတ်ခိုင်းသလဲ (၁)

မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့

Lock ကျသွားတဲ့ Facebook အကောင့်ပြန်ယူနည်း (၂)

Facebook account lock ကျတယ်ဆိုတဲ့ နေရာများ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကျနိုင်သလို ပြန်ယူနည်းလည်း အမျိုးမျိုးရှိပါတယ်။ ပြန်ယူနည်း အမျိုးမျိုးကတော့ ကိုယ်ရွေးရတာမဟုတ်ပါဘူး။ Facebook က ရွေးပေးတာပါ။ အချို့အကောင့်ဆိုရင်

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် (၃)

ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာအခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်းတွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor ထဲမှာအ၀င် Call

Accessibility setting ထဲက TalkBack မိနေရင်ဘယ်လိုပြန်ဖြေရှင်းမလဲ (၄)

Android Phone တွေမှာရော iOS Phone တွေမှာရော Customer တွေတစ်ခါတစ်လေဖြစ်ဖူးတဲ့ Accessibility ထဲက TalkBack မိတက်ကြတဲ့အခြေအနေမှာ ပြန်လည်ဖြေရှင်းနည်း (ပြန်ပိတ်နည်း) လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Driver Booster(V-2.3.1.1)Latest Version For Pc (၅)

Computer သုံးတဲ့ညီအကိုတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Software တခုပါ။မိမိကွန်ပျူတာရဲ့ လိုအပ်နေတဲ့ Driversတွေကို Up-To-Date ဖြစ်မဖြစ်စစ်ဆေးပေးပြီးတော့ Out of Date ဖြစ်နေလျှင်

Tuesday, June 30, 2015

အရွယ်အစား ကြီးမားသည့် ဖိုင်များကို သေးငယ်သည့် ဖိုင်များအဖြစ် ချုံ့ခြင်း





အရွယ်အစား ကြီးမားတဲ့ ဖိုင်များကို တစ်ခါတစ်ရံမှာ upload လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် share လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ပြုလုပ်နိုင်စေဖို့အတွက် ဖိုင်ဆိုက်အကြီးကြီးတွေကို အပိုင်းလေးတွေခွဲပြီး ချုံ့ပစ်နိုင်ပါတယ်။

အဆိုပါ ဖိုင်တွေကို ချုံ့ဖို့အတွက်ဆိုရင် Win Rar နဲ့ HJ Split တို့လို ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး ဖိုင်များကို အပိုင်းလိုက်ခွဲ၍ ခွဲခြားပေးထားနိုင်မှာဖြစ်ပါတယ်။ Win Rar ကို အသုံးပြုပြီး Split ပြုလုပ်ချင်သူများကတော့ Split ပြုလုပ်မယ့် ဖိုင်ကို Right Click နှိပ်လိုက်ပါ။ ပြီးသွားရင် Add to archive ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

Archive Box ကျလာတယ်ဆိုရင် General ထဲမှာ မိမိ ပေးချင်တဲ့ နာမည်ကို ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးသွားရင် Split to volumes ဆိုတဲ့နေရာမှာ မိမိထားချင်တဲ့ ဖိုင်အရွယ်ပမာဏကို သတ်မှတ်ထား ရမှာဖြစ်ပါတယ်။ အဆိုပါနေရာမှာ 5MB, 100MB, 700MB စသည်ဖြင့် မိမိ သတ်မှတ်ချင် သလိုမျိုးဖိုင်များကို သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် Ok ကို နှိပ်လိုက်ရင် ဖိုင်များကို အပိုင်းလိုက် ပိုင်းပြီး ချုံ့ပေးထားမှာ ဖြစ်ပါတယ်။


အကယ်၍ HJSplit (http://www.hjsplit.org) ကို သုံးမယ်ဆိုရင် ဖော်ပြထားတဲ့ Download Link ကနေ HJSplit ကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ HJSplit ကို အသုံးပြုပုံ ကတော့ ဖိုင်တွေကို ခွဲပြီးထားချင်တယ်ဆိုရင် Split ဆိုတာကို နှိပ်ပါ။ ဖိုင်ကို ထည့်သွင်းဖို့အတွက် Input File နေရာမှာ မိမိ အသုံးပြုမယ့်ဖိုင်ကို ရွေးချယ်ရမှာဖြစ်ပြီး၊ Output File နေရာမှာတော့ ကိုယ် Output ထွက်စေချင်တဲ့ လမ်းကြောင်းကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား ရွေးချယ်တဲ့နေရာမှာ Split file size ဆိုတဲ့ နေရာမှာ ဖိုင်အရွယ်အစားကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် Start ကို နှိပ်ပြီး File ကို Split စတင်ပြုလုပ်နိုင်ပါပြီ။ အကယ်၍ Split ပြုလုပ်ထားတဲ့ ဖိုင်တွေကို ပြန်ပေါင်းချင်တယ်ဆိုရင် Join ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Input File နေရာမှာ ပထမဦးဆုံး Split File ကို ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။ Output ကတော့ မိမိ သိမ်းဆည်းချင်တဲ့ နေရာမှာ သိမ်းဆည်းနိုင်စေရန်အတွက် ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Start ကို နှိပ်ပြီး လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နိုင်ပါပြီ။

Ref: addictivetips

Saturday, June 27, 2015

Driver Booster(V-2.3.1.1)Latest Version For Pc





Computer သုံးတဲ့ ညီအကိုတွေ အတွက် မရှိမဖြစ်ဆောင်ထား သင့်တဲ့ Software တခုပါ။ မိမိ ကွန်ပျူတာရဲ့ လိုအပ်နေတဲ့ Driversတွေကို Up-To-Date ဖြစ်မဖြစ် စစ်ဆေးပေးပြီးတော့ Out of Date ဖြစ်နေလျှင် Manual Updateလုပ်ပေးနိုင် ပါတယ်။ Driver Booster Official site မှာတော့ ၁နှစ်စာကို US$ 22.95 နဲ့ ဝယ်ယူရမှာဖြစ်ပြီး MMUGမှာတော့ Freedownload ရယူနိုင်ပါပြီ။ exe. ကို မိမိရဲ့ ကွန်ပျူတာမှာ သွင်းပြီး Acitvate ကိုနှိပ်ပြီးတော့ Enter Keys ကနေ 12.1.2.2015 ရဲ့ကီးကိုထဲ့ပြီး Activate လုပ်ပေးလိုက်ပါ ရက်ပေါင်း 168 ရက် ကျန်ရှိနေပါသေးတယ်။ Update လုပ်လိုက်တဲ့ Drivers တွေကိုလည်း Backup လုပ်ပေးထားလို့ မိမိလိုအပ်တဲ့အခါ Offline install ပြန်လုပ်လို့လည်းရပါတယ်။
Driver Booster(V-2.3.1.1) For Pc( Window)----
Ref:::(MMAS)

https://my.pcloud.com/publink/show?code=XZAH4VZFKOxQ6YmlnbfWVXoDUt8bS6OCAYy

Friday, June 26, 2015

MM Aio Zawgyi Font Changer Pro (Android Version 4.4.4 အထိမြန်​မာ​ဖောင့်​သွင်းနိုင်​တဲ့​ Font Changer)






ဒီ​ဆော့ဝဲ​လေးက​တော့ Android Version 4.4.4 အထိ မြန်​မာစာ မှန်​မှန်​နဲ့ အချို့ဖုန်း​တွေဆို System Myanmar Font ​တောင်​သွင်းလို့ရပါတယ်​။ ကိုယ်​တိုင်​လည်းအသုံးပြုပြီးလို့တင်​​ပေးလိုက်​တာပါ။ 5.0.1 lollipot ​တွေအတွက်​​ တချို့​ ​သော ဖုန်း​​တွေမှာ Support လုပ်​ပါတယ်​။ ဖုန်းအများအတွက်​ တော့ စမ်းစရာ ဖုန်းမရှိ​သေးလို့​နောက်​မှပဲတင်​​ပေး​တော့မယ်​။ ဒီ​ကောင်​​လေးကိုအသုံးပြုရင်​ Root ရှိဖို့​တော့လိုမယ်​​နော်​။  KINGROOT V4.1.0.524 က Android Version 4.4.4​ တောင်​ အဆင်​​ပြေ​ပြေနဲ့ ​ပေါက်​ပါတယ်​။ ကျ​နော်​လက်​​တွေ့သုံးထားပြိးပါပြီ။ ​ဆော့ဝဲကိုအသုံးပြု​တော့မယ်​ဆိုရင်​ အင်​တာနက်​လိုင်းရှိဖို့​တော့လိုမယ်​​နော်​။ စိတ်​၀င်​စားရင်​ ​အောက်​ကလင့်​မှာ ၀င်​​ဒေါင်းလိုက်​ပါ။ 


အရင်​က MMAio Font Changer ထက်​ပို​ကောင်းပါတယ်​။ ပြိး​တော့ ထိုင်းစာ​ပျောက်​တာကိုလည်း Fix လုပ်​ထားပါတယ်​။ မြန်​မာစာအဆင်​မ​ပြေ​သေးတဲ့သူ​တွေ စိတ်​ချလက်​ချ​ဒေါင်းထားကြ​နော်​။ Firmware ကို ဒုက္ခမ​ပေး​တော့ အဆင်​​ပြေတယ်​ဗျ။ တချို့ Font changer ​တွေဆို အဆင်​မ​ပြေတာနဲ့ Firmware ကျပြီ။ ဒီ​ဆောဝဲ​လေးက​တော့ ကျ​နော်​ မြန်​မာ​ဖောင့်​သွင်း​နေတာဖုန်းများပြီ မကြုံဖူး​သေးဘူး။ ဒီ​ဆော့ဝဲကို Android Developer Phyo Chan က ဖန်​တီးထားတာပါ။ လိုချင်​သူများ ​အောက်​ကလင့်​မှာဝင်​​ဒေါင်းလိုက်​ပါ။








အားလုံးအဆင်​​ပြေပါ​စေ။

ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ



မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်းပိတ်ရင်ပိတ်ထားပါ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ..

လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်း ဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။ ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။

အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်ကထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။

Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။

ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။ ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။

မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေ ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမို အားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့်လေယာဉ်တွေကတော့ လေယာဉ် အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။ ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။ Singapore ရဲ့ ဈေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ on ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။

ဒီတော့ မိမိရဲ့ ဖုန်းကို wi-fi, ဆယ်လူလာ သုံးခွင့် ရမရကို လေယာဉ်က လေယာဉ်မှူး၊ လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။

ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (MMAS)

Accessibility setting ထဲက TalkBack မိနေရင် ဘယ်လိုပြန်ဖြေရှင်းမလဲ ???




Android Phone တွေမှာရော iOS Phone တွေမှာရော Customer တွေတစ်ခါတစ်လေ ဖြစ်ဖူးတဲ့
Accessibility ထဲက TalkBack မိတက်ကြတဲ့ အခြေအနေမှာ ပြန်လည်ဖြေရှင်းနည်း (ပြန်ပိတ်နည်း) လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ TalkBack စနစ်ပာာ မသန်စွမ်းသူတွေအတွက် ဖန်တီးထားတဲ့
စနစ်လေးတစ်ခု ဖြစ်ပါတယ်။ ကြိုက်နှစ်သက်မှု့ရှိရင်တော့ လူတိုင်းအသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ မသန်စွမ်းသူတွေမှလွဲပြီး လူတော်တော်များများ အသုံးပြုခြင်းမရှိတဲ့ စနစ်တစ်ခုလဲဖြစ်ပါတယ်။
ဒီစနစ်လေးကို သူငယ်ချင်းတစ်ယောက်ကစလိုက်လို့ ဒါမှမပာုတ် အိမ်မှာရှိတဲ့ကလေးတစ်ယောက်က
မတော်တဆလုပ်လိုက်မိတဲ့အခါအကြောင်းအမျိုးမျိုးကြောင့် on လိုက်မိပြီဆိုပါစို့။ အဲဒီအခါကျရင်
ကိုယ့်ရဲ့လက်က ဘယ်နေရာကိုပဲထိမိ ထိမိ အနောက်ကနေစကားသံနဲ့လိုက်ရွတ်နေပြီး Touch လဲရွှေ့
မရတော့တဲ့အခါ တော်တော်များများ User တွေအနေနဲ့ အခက်တွေ့တက်ကြရပါတယ်။ တော်တော်
များများကတော့ ဆိုင်ကိုပဲသွားရောက် ဖြေရှင်းလိုက်တက်ကြပါတယ်။ တစ်ချို့ဆိုင်တွေကတော့
ဗပာုသုတ တစ်ခုအနေနဲ့ ပြန်လည်ရှင်းပြပေးတက်ကြပါတယ်။ ပြောမပြပေးတဲ့ဆိုင်တွေဆိုရင်တော့
User တွေအနေနဲ့ ဘာမှမသိလိုက်ရဘဲ အဆင်ပြန်ပြေသွားတာပေါ့။ ကျတော်ကတော့ အခု မသိသေးတဲ့
Mobile Phone User တွေအတွက် ပြန်လည်ရှင်းပြပေးလိုက်ပါတယ်။ ဒီလိုအခြေအနေကြရင် ဘယ်လိုပြန်
လည်ဖြည်ရှင်းရမလဲဆိုရင်တော့ Double Touch စနစ်ကို အသုံးပြုရမှာဖြစ်ပါတယ်။ ကျတော်တို့ Phone
Screen Lock ဖြည်တဲ့နေရာ ဆိုပါစို့။ အဲဒီခါကျရင် ကိုယ့် password က 12345 လို့ပေးလိုက် မိတယ်ဆိုရင်

1 ကိုအရင် တစ်ချက်ထောက်လိုက်ပါ။ 1 မှာ အကွက်လေးနဲ့ ပြပေးပါမယ်။ နှစ်ချက်ဆက်တိုက် ထပ်နှိပ်လိုက်ပါ။

ဒါဆိုရင် 1 ကိုရွေးလိုက်နိုင်ပါပြီ။ ထိုနည်းအတိုင်းပဲ ကျန်တဲ့ ဂဏာန်းတွေပါရွေးချယ်ပြီး Lock ဖွင့်လိုက်ပါ။
ပြီးရင်တော့ Setting ထဲက Accessibility ကိုသွားပြီး TalkBack ကို ပိတ်ရပါမယ်။ Screen ပေါ်က
Screen မျက်နှာလေးတွေကို လက်နှစ်ချောင်းနဲ့ တပြိုင်ထဲဆွဲပြီး setting icon လေးထဲဝင်လိုက်ပါ။ အပေါ်အောက်ရွှေ့ နိုင်ရန် လက်နှစ်ချောင်းနဲ့ပဲ ဆွဲလိုက်ပါ။ ပြီးရင်တော့ Accessilibity ကို တစ်ချက်ထောက်လိုက်ပါ။ ပြီးရင် Double Touch စနစ်နဲ့ဝင်လိုက်ပါ။ TalkBack ကို ထက်ဝင်ပါ။ ပြီးရင်တော့ on/off bar ကို တစ်ချက်ထောက်ပါ။

Double Touch စနစ်လေးနဲ့ပဲ ပိတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မိမိ ဖုန်းကိုဆိုင်ပြေးနေစရာမလိုပဲ အဆင်ပြေပြေ ပြန်လည်အသုံးပြုနိုင်ပါပြီ။


Ko Htoo (MMAS)

Lock ကျသွားတဲ့ Facebook အကောင့် ပြန်ယူနည်း




Facebook account lock ကျတယ်ဆိုတဲ့ နေရာများ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကျနိုင်သလို ပြန်ယူနည်းလည်း အမျိုးမျိုး ရှိပါတယ်။ ပြန်ယူနည်း အမျိုးမျိုးကတော့ ကိုယ်ရွေးရတာ မဟုတ်ပါဘူး။ Facebook က ရွေးပေးတာပါ။ အချို့အကောင့်ဆိုရင် ဖုန်းနံပါတ် ရိုက်ထည့်ပေးရုံနဲ့ ပြန်ရပါတယ်။ ဖုန်းနံပါတ်ဆီကို SMS ပို့ပြီး ရတဲ့ code နဲ့ ပြန်ဖွင့်ရတာပါ။ ယင်း နည်းလမ်းနဲ့ ကြုံခဲ့ရင် စင်္ကပြူ၊ မလေးရှားတို့လို နိုင်ငံရပ်ခြားမှာ နေထိုင်နေသူ မိတ်ဆွေကို အကူအညီတောင်းပါ။


ယခု ပြမယ့် ဖြေရှင်းနည်းကတော့ ID ကဒ် တောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ Facebook ရဲက ပေါ်လစီ အရ မိမိရဲ့ မှတ်ပုံတင်ထဲက အမည်ကိုပဲ အသုံးပြုခွင့် ပေးပါတယ်။ မှတ်ပုံတင်လို့ဆိုတဲ့နေရာမှာ အနုပညာရှင်ဖြစ်င် အနုပညာရှင် ID အမည်ကိုလည်း သုံးလို့ရပါတယ်။ အဓိကကတော့ အစိုးရက အသိအမှတ်ပြုပြီး ထုတ်ပေးထားတဲ့ အမည်တစ်ခုခုဖြစ်ရန်လိုအပ်ခြင်း ဖြစ်ပါတယ်။

အမည်မှန် ရေးပါ။

ပထမ အဆင့်အနေနဲ့ First Name, Middle Name နဲ့ Last Name တို့ကို မှန်အောင်ဖြည့်ပါ။ အမည်က ၂ လုံးတည်းဆိုရင် Middle ကို ချန်ခဲ့ပါ။ လေးလုံး ဆိုရင် အဆင်ပြေသလို ခွဲထည့်ပါ။ အမည်ကို အင်္ဂလပ်လိုပဲ ထည့်တာကို ပို prefer ဖြစ်ပါတယ်။
မှတ်ပုံတင် သို့မဟုတ် ကျောင်းသားကဒ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် တင်ပါ

မှတ်ပုံတင် သို့မဟုတ်၊ ကျောင်းသားကဒ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် သို့မဟုတ် အစိုးရမှ ထုတ်ပေးသော ကဒ်တစ်ခုခုကို မိမိရဲ့ ဖုန်းနဲ့ ရှေ့ဘက်ကို ရိုက်၊ နောက်ဘက်ကို ရိုက်၊ ရိုက်ပီးရင် attach တွဲပါ။ လိုရမယ်ရ မိမိရဲ့ မျက်နှာပုံ ရှင်းရှင်းလင်းလင်း ပြထားတဲ့ ဓာတ်ပုံတစ်ပုံပါ တွဲပါ။ ပြီးရင် send, upload အစရှိသဖြင့် တို့ကို နှိပ်ပါ။

၂၄ နာရီ သို့မဟုတ် ၄၈ နာရီ ကြာရင် အကောင့်ကို ပြန်ဝင်ကြည့်ပါ။ ထိုနည်းတူစွာ ယင်း Facebook account ကို ဖွင့်ထားတဲ့ အီးမေးလ်ကိုလည်း ဝင်စစ်ပါ။ အများစုက Facebook တော့ သုံးနေပြီး Email ကျတော့ မသိကြတာ များပါတယ်။ ကံကောင်းရင်တော့ အီးမေးလ်စစ်စရာမလိုပဲ အကောင့်ကို ပြန်ရ ပါတယ်။ အကယ်၍ မိမိရဲ့ မှတ်ပုံတင်ထဲက အမည်နဲ့ FB ကို ပေးလိုက်တဲ့ အမည်သစ်က မတူသေးဘူးဆိုရင်တော့ မရပါဘူး။ အီးမေးလ်မှာ အမည်ရင်းကို ဖြည့်ပေးဖို့ ပြန်တောင်းပါလိမ့်မယ်။

အီးမေးလ်မှာ ပေးထားတဲ့ link ဝင်ပြီး Open the case ကို ပြန်လုပ်ရပါမယ်။ ပြီးရင် Step ကို အစကနေ ပြန်ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။

များသောအားဖြင့်ကနေ နည်းမှန်လမ်းမှန်၊ မှန်မှန်ကန်ကန် လုပ်သွးရင် အကောင့်ကို ၂၄ နာရီအတွင်း ပြန်ရပါတယ်။

အော်ဒါနဲ့ မိမိသုံးနေကျ ဖုန်းသို့မဟုတ် ကွန်ပြူတာကနေပဲ အတတ်နိုင်ဆုံး ကြိုးစားပေးပါ။

Sim Card တစ်​ကတ်​ထဲဖုန်းကို ဖုန်းနံပါတ်​ ၂ ခု သုံးချင်​သူ​တွေအတွက်​ နည်းလမ်း​ကောင်း။ ​ဆောဝဲမလို အင်တာနက်လိုင်း​မလို ပိုက်ဆံမစားဘူး​​​။ တကယ်​အသုံးဝင်​တာ​နော်





ကျ​နော်​တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်​​ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ်​ Telenor ကိုလည်းသုံးချင်​တယ်​ အဲမှာ အခက်​​တွေ့​ရော​ပေါ့။ ကဲဒါဆိုရင်​ အသုံးပြုလို့ရတဲ့နည်းလမ်း ​တွေ့ထားပါတယ်​။ MPT ဖုန်းနံပါတ်​ကို Telenor ထဲမှာ အ၀င်​ Call လက်​ခံလို့ရမယ်​ဗျ။ အဲတာဆိုရင်​ Telenor Sim တခုထဲမှာ MPT ​ရော Telenor နံပါတ်​ပါ နှစ်​ခုလုံး အ၀င်​​ခေါ်လက်​ခံလို့ရပြီဗျ။ လုံးဝ Free ​နော်​ ကျ​နော်​ လက်​​တွေ့ စမ်းသပ်​ပြီး သုံး​နေပါတယ်​။ ဒီနည်းကို MPT မူရင်း Page က​နေ တင်​ထားတာ​တွေ့လို့ စမ်းကြည့်​တာ အဆင်​​ပြေလို့ ပြန်​မျှ​ဝေ​ပေးတာပါ။ Ooredoo သုံးသမား​တွေလည်း ယခုနည်းအတိုင်းလုပ်​လို့ရပါတယ်​။ အတူတူပါပဲ။ 

မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်​ကို Telenor/Ooredoo နံပါတ်​ထဲမှာ အ၀င်​​ call လက်​ခံလို့ရတဲ့နည်း​နော်​။ MPT Sim ကို ဖုန်းထဲက​နေထုတ်​ထားလည်း MPT ကို Call ရင်​ Telenor ထဲ ၀င်​သွားမှာပါ။ အဲတာဆို Sim တကတ်​ထဲဖုန်းက နံပါတ်​ ၂ ခုအ၀င်​လက်​ခံလို့ရပြီ​ပေါ့။ အရမ်းအသုံးဝင်​တာ​နော်​ ကဲ​အောက်​ကနည်းအတိုင်း လိုက်​လုပ်​ကြပါဗျာ အဆင်​​ပြေပါ​စေ။ ကျ​နော်​ ကိုယ်​တိုင်​ စမ်းထားတာမို့ စိတ်​ချလက်​ချ ဒီနည်းကို သုံးနိုင်​ပါတယ်​။ ကဲ စမယ်​ဗျာ ---

- အရင်​ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်​ထားပါ။
- 1331ကို CF လို့ ​ရေးပြီး SMS ပို့ပါ။ ခန​နေရင်​ SMS တခု ပြန်​၀င်​လာပါမယ်​။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်​တဲ့ ကတ်​ Telenor/Ooredoo နံပတ်​ကို *21*09×××××××××# လို့ရိုက်​ပြီး Call နိပ်​လိုက်​ပါ။ ခန​နေဆို Success ဖြစ်​တဲ့ စာပြလာရင်​ ​အောင်​မြင်​ပါပြီ။ အဲတာဆို MPT Card ကို ထုတ်​လိုက်​လို့ရပြီ ခုနက ထည့်​ထားတဲ့ နံပါတ်​ Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်​လိုက်​ပါ။ အဲတာဆို အားလုံး အဆင်​​ပြေပါပြီ။

MPT နံပါတ်​ပဲ​ခေါ်​ခေါ် Telenor နံပါတ်​ပဲ​ခေါ်​ခေါ် ကိုထည့်​ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်​လာမှာဖြစ်​ပါတယ်​။ အဲတာဆို Sim တခုထဲကို နံပါတ်​ ၂ ခုအ၀င်​ Call လက်​ခံလို့ရပါပြီ။ ကျ​နော်​ လက်​​တွေ့ စမ်းထားတာမို့ မဖြစ်​နိုင်​ဘူးဆိုတာမ​ပြောပါနဲ့​နော်​။ အဆင်​မ​ပြေရင်​ ကျ​နော့်​ဖုန်းနံပါတ်​ 09262690765 ကို ဖုန်းဆက်​ပြီး​မေးပါ။ ဖုန်းနဲ့ ​ရေးတင်​တာမို့ ပုံနှင့်​တကွ မပြနိုင်​တာ ခွင့်​လွှတ်​ပါ​နော်​။


အားလုံးအဆင်​​ပြေပါ​စေ

ဇော်​မင်းသန်း