Thursday, July 2, 2015

✔Vault-Hide-SMS-Pics-and-Video-v6.2.02.22 Apk(updated)✔







-မိမိတို့ android ဖုန်းပေါ်မှာ ရှိတဲ့ video file တွေ photo တွေ၊Sms massage တွေ၊ contact Facebook message တွေ၊ အားလုံးကို ဒီ vault ဆိုတဲ့ application လေးကို အသုံးပြုပြီး ဖွက်ထားလို့ သိမ်းဆည်းထား လို့ရပါတယ်။

App တွေကို Lock ချလို့ရတဲ့ Feature ပါ ပါဝင်ထားတာမို့လည်း User များ ကြိုက်နှစ်သက်စေမှာပါ။ အထူး သဖြင့်တော့ video file တွေဟာ သိပ်များနေရင်ကိုယ့်ဖုန်းရဲ့  internal memory store ပေါ်မှာလေး လံနေစေပြီး နောက်ထပ် file တွေ ထပ်ထည့်လို့မရေ့လောက်အောင်ဖြစ်တတ်ပါတယ်။

အဲဒိတော့ ဒီ apk လေးထဲကို ပို့ပြီးသိမ်းထားလိုက်ခြင်းအားဖြင့် တခြားသူလည်း ဖွင့်ကြည့်လို့မရ လုံခြုံစိတ် ချရပြီး ကိုယ့်ဖုန်းလေးဟာလည်း ပေါ့ပါးနေစေမှာပါ။

ပြီးတော့ သူ့ရဲ့ အားသာချက်တစ်ခုကတော့ screen ပေါ်မောင်းတင်ထားတဲ့ သူ့ဆော့ဖ်ဝဲလ် လေးကို delete ဖျက်ပလိုက်မိရင်လည်းကိစ္စမရှိပါဘူး။

sd ကတ်ထဲက ပြန်ပြီး install ပြန်မောင်းတင်လိုက်ယုံနဲ့ ကိုယ်သိမ်းဆည်းထားတဲ့ data အချက် အလက်တွေ ကို ပြန်လည်ရ ရှိ တွေ့မြင်ရမှာပါ။

sd ကတ်ထဲက ဆော့ဖ်ဝဲနဲ့data folderကိုတော့ မဖျက်ပစ်နဲ့ပေါ့ဗျာ။ ပြီးတော့ နောက်တစ်ခုက ကိုယ့်မှတ် ထား ဖွက်ထားတဲ့ အချက်အလက် data တွေကိုလည်း online store မှာ သွားရောက် upload တင်ပြီး သိမ်းဆည်းနိုင်ပါသေးတယ်။

-Apk file size 3MB ရှိပြီး
-Android OS Version 2.3 နဲ့အထက်ရှိ ဖုန်းများမှာထည့်သွင်း install ပြုလုပ်၍အသုံးပြုနိုင် မှာပဲဖြစ် ပါတယ်။- သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်ကဆိုဒ်ထဲသို့ ဝင်ရောက်၍ဒေါင်းလုပ်ရယူနိုင်ပါပြီ-

http://www.solidfiles.com/d/c95714f204/

or

http://files.fm/u/bqknjtt

0 comments:

Post a Comment