Tuesday, September 29, 2015

အခုခေတ်စားနေတဲ့ monkey test နဲ့ time service virus ရှင်းနည်း






ရေးသားသူ – Soe Han Htun (Myanmar Mobile User Group)

One click solution တွေ ထွက်လာပေမယ့် ရာနှုန်းပြည့် မရှင်းနိုင်ကြသေးတာကို တွေ့ရလို့ manual ရှင်းလို့ရအောင် ရည်ရွယ်ပြီး ရေးလိုက်တာပါ။
လိုအပ်ချက်တွေအနေနဲ့ကတော့
adb command အသုံးပြုတတ်သူဖြစ်ရပါမယ်၊
ဖုန်းမှာ root access ရှိရပါမယ်၊
Busybox သွင်းထားရပါမယ်။(busybox.apk ကို playstore မှာတင် လွယ်လင့်တကူ သွင်းယူနိုင်ပါတယ်။
ပထမဆုံးကတော့ ဖုန်းကို wifi နဲ့ internet ကို ပိတ်ထားပေးပါ။
ပြီးရင် အရင်ဆုံး ဖုန်းနဲ့ computer ချိတ်ဆက်ပါမယ်။
adb command သုံးဖို့ adb.exe ရှိတဲ့နေရာမှာ shift+Right-click သုံးပြီး open command window here နဲ့ cmd box ကို ခေါ်ပါ။
ပြီးရင် အောက်ပါ cmd များကို ရိုက်ပါမယ်။
adb shell
su
(အဲ device သိဖို့တော့ လိုမယ်နော်။ အပေါ်က cmd တွေပြီးရင် # သင်္ကေတ လေးပေါ်ပါမယ်။ ဖုန်းမှာလည်း superuser request တောင်းပါလိမ့်မယ်။)
System က default အနေနဲ့က user ကို read-only permission ပဲ ပေးထားပါတယ်။ဒီတော့ လုပ်ချင်တာလုပ်လို့ရအောင် read and write permission ရအောင် mount ရပါမယ်။
mount -o remount,rw /system
လို့ ရိုက်ထည့်ပါ။ ပြီးရင် virus ရှိတဲ့နေရာတွေကို ကြည့်ပြီး နာမည်တွေ မှတ်ထားနိုင်ဖို့ ls command ကို သုံးရပါမယ်။
ls -al /system/app
လို့ ရိုက်ထည့်ပါ။ပေါ်လာသမျှထဲမှာ virus file နာမည်တွေကို မှတ်ထားဖို့ လိုပါမယ်။ virus ဟုတ် မဟုတ် အလွယ်ခွဲခြားဖို့ကတော့ date နဲ့ ခွဲနိုင်ပါတယ်။ ပြီးတော့ permission နဂို system file တွေက rw-r-r ပါ။ virus တွေကတော့ rw-r-r မဟုတ်ကြပါဘူး။
နောက်ထပ် နေရာတွေ စစ်ရပါအုံးမယ်။
ls -al /system/xbin
ls -al /system/bin
အဲ့ဒီ xbin နဲ့ bin ထဲမှာတော့ virus file တွေဟာ နာမည် အရှေ့မှာ . လေးတွေနဲ့ပါပါတယ်။ (ဥပမာ- .b, .si.si)
အိုခေ အရင်ဆုံး app ထဲကကောင်တွေကို ဖျက်ဖို့ busybox command သုံးပါမယ်။
busybox chattr -iaA /system/app/*
လို့ ရိုက်ထည့်ပါ။ virus file တွေက ဖျက်ချခွင့်မရှိအောင် attribute တွေပြောင်းထားပါတယ်။ဒီအတွက် အထက်ပါ cmd က attribute ပြန်ပြောင်းတာပါ။ chattr ဆိုတာက change attribute ပါ။ နောက်က (-) အနုတ်က attribute တွေ ပြန်ဖြုတ်ရင်သုံးရပါတယ်။ ထည့်ချင်ရင်တော့ + ပေါ့။ i က immutable လို့ခေါ်တဲ့ attribute ပါ။
a ကတော့ append mode only ဆိုတဲ့ attribute ပါ။ A ကတော့ Don’t track attime ဆိုတဲ့ attribute ပါပဲ။ အခုသုံးတဲ့ busybox cmd ဟာ /system/app ထဲမှာ ရှိသမျှ apk အားလုံးကို အထက်က attribute 3မျိုးဖြုတ်ချပေးတာပါပဲ။ ပြီးရင်တော့ စပြီး ဖျက်ချလို့ ရပါပြီ။အကုန်လုံးကိုတော့ လိုက်ရေးမပေးတော့ပါဘူး။ ဥပမာအနေနဲ့ cameraupdate.apk ကိုပဲ ဖျက်ပြပါမယ်။
rm /system/app/cameraupdate.apk
လို့ရိုက်ထည့်ပါ။ rm က remove ပါ။ အဲ့ဒီ rm နဲ့ app ထဲက virus တွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖျက်ပါ။
ပြီးရင် bin နဲ့ xbin ထဲက . နဲ့စတဲ့ကောင်တွေကို ဖျက်ပါမယ်။ သူတို့ကိုတော့ app ထဲကလိုမျိုး အားလုံးကို ညွှန်းပြီး attribute ဖြုတ်ချလို့မရပါဘူး။ ထို့အတွက် တစ်ခုဖျက်ဖို့ cmd ၂ကြောင်းဂိုက်ပေးရပါမယ်။ ဥပမာအနေနဲ့ xbin ထဲက .si.si ဆိုတာကို ဖျက်ပြပါမယ်။
busybox chattr -iaA /system/xbin/.si.si
rm /system/xbin/.si.si
အထက်ပါပုံစံအတိုင်း xbin နဲ့ bin ထဲမှာ . နဲ့စသမျှအားလုံး လိုက်ဖျက်ပါ။
ပြီးရင်
ls -al /system/etc
လို့ရိုက်ပါ။ အဲ့ထဲမှာ install-recovery.sh ဆိုတာ ပါခဲ့ရင် သူ့ကိုလည်း ဖျက်ပေးရပါမယ်။
အဆုံးသတ်အနေနဲ့ app ထဲကို ပြန်စစ်ပါ။
com.android.psetting.apk
com.android.psync.apk
အဲ့၂ခု ပြန်ပေါ်လာတတ်ပါတယ်။
အပေါ်က cmd တွေသုံးပြီး ဖျက်ချလိုက်ပါ။
ပြီးရင် ဖုန်းကို reboot ဆင်းလိုက်ပါ။
ပြန်တက်လာရင် ဖုန်းရဲ့ application manager ထဲသွားပြီး running မှာ com.android.ads…… စသဖြင့် အလယ်မှာ ad ပါတာတွေရယ်။ monkey test ရယ် time service ရယ်။ အဲဒီ apk တွေကို uninstall လုပ်ပေးလိုက်ပါ။
အားလုံးပြီးပါပြီ။
100% အောင်မြင်မယ် အာမမခံရဲပါဘူး။ ကျွန်တော် ရှင်းပေးတဲ့ အလုံးကိုတော့ ၁ပတ်ထိ စောင့်ကြည့်တာ ထပ်မံတက်လာခြင်း မရှိတော့ပါဘူး။
အမှားအယွင်းများ ပါခဲ့ရင် ခွင့်လွတ်ပါ။

ဟိုရေးဒီရေး မောင်ဟန်လေး

(*** ပြောဖို့ တစ်ခုကျန်သွားလို့ edit လုပ်လိုက်ပါတယ်။ တစ်ချို့ကောင်တွေမှာ /data/app ထဲမှာလည်း ဘာညာ သလကာတွေ ရှိပါကြောင်း။ ဖျက်ဖို့ သဘောတရားကတော့ တူတူပါပဲ ***)

0 comments:

Post a Comment